Pages


  ဗုဒ္ဓံသရဏံ ဂစ္ဆာမိ။ ဓမ္မံသရဏံ ဂစ္ဆာမိ။ သံဃံသရဏံ ဂစ္ဆာမိ။


Thursday, December 15, 2011

English - Myanmar - English Dictionary (wxPyDict)

English - Myanmar , Myanmar - English dictionary ပါ . နှစ်မျိုးစလုံးသုံးလို့ရပါတယ် .
ctrl + shif နှိပ်ပြီးတော့ ပြောင်းသုံးနိုင်ပါတယ် .  အားလုံးပဲ အဆင်ပြေနိုင်ပါစေဗျာ .
ကဲ အောက်မှာ download လုပ်ယူလိုက်ပါ .

Download Mediafire , Download Ziddu

Thursday, November 10, 2011

ကြက်ဥများ အလွန်အကျွံ မစားသင့်ပေ

အာဟာရဓာတ်များ အများအပြားပါဝင်သော ကြက်ဥသည် လူတိုင်းအတွက် အားတိုးဆေးဖြစ်သည်။ ကြက်ဥစားနည်း များစွာရှိသော်လည်း အောက်ပါစားနည်းနှစ်မျိုးမှာ အကောင်းဆုံးစားနည်းဖြစ်သည်။

(၁) ကြက်ဥအနှစ်ကို ဟင်းရည်ချက်ခြင်း (သို့) ရေနွေးဆူထဲ ဖောက်ထည့်ပြီး စားသုံးခြင်း
(၂)ကြက်ဥဟတ်ဘွိုင်ကြော်ရာတွင် သကြားအနည်းငယ်ထည့်ခြင်းဖြင့် ပိုအကျိုးရှိသော အာဟာရကိုရစေသည်။

လူတချို့က အာဟာရဓာတ်များသော ကြက်ဥကို များများစားသုံးပေးခြင်းဖြင့် အာဟာရများစွာ ရနိုင်သည်ဟု ထင်မှတ်မှားတတ်ကြသည်။ လူတစ်ဦးမှာ နေ့စဉ်ကြက်ဥတစ်လုံးမှနှစ်လုံးထိ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက်လိုအပ်သော ပရိုတင်းဓာတ်ကို အလုံအလောက်ရနိုင်သည်။

သစ်သီးများ အလွန်အကျွံမစားသင့်ပေ

ဂျပန်နိုင်ငံ Kyoto University ဆေးပညာဘာသာရပ် ပရော်ဖက်ဆာ Teng Tian Ichiro၏ ပြောကြားချက်အရ သစ်သီးအလွန်ကျွံစားသုံးပါက ခန္ဓာကိုယ်တွင်း ဗီတာမင်C များပြားစေပြီး oxalic acidကို အလွယ်တကူဖြစ်ပေါ်စေသည်။ oxalic acid နှင့် လူခန္ဓာကိုယ်ရှိချွေးများ ပေါင်းစပ်ပြီး အရေပြားကြမ်းခြင်း၊ ထိခိုက်ခြင်းများ ဖြစ်စေတတ်သည်။ ပြင်းထန်ပါက ဆေးနှင့်မတည့်သော အရေပြားရောဂါများ ဖြစ်စေတတ်သည်။

အမေရိကန်ပညာရှင်များ၏ ဆန်းစစ်ချက်မှာလည်း ထိုနည်းအတူဖြစ်သည်။ မတူသောရာသီ၊ မတူသောရောဂါများတွင် သစ်သီးများကိုရွေးချယ် စားသုံးသင့်သည်ဟု ပညာရှင်များက ခန့်မှန်းကြသည်။


Crataegus (山楂 (shanzha))

ဥပမာ- ဆောင်းဦးနှင့်ဆောင်းရာသီများတွင် စိုထိုင်းမှုနည်းသောကြောင်း သစ်တော်သီးနှင့် အစာကြေလွယ်သော ငှက်ပျောသီး၊ ပန်းသီးများကို စားသုံးသင့်သည်။ နှစ်ရှည်ချောင်းဆိုးသူများ သစ်တော်သီးကို စားပေးနိုင်သလို နှလုံးအားနည်းသူ၊ သွေးတိုးရှိသူ၊ အစာမကြေလွယ်သူများ Crataegusကို အမြဲစားသင့်သည်။

သောက်သုံးရန်မသင့်သော ရေ(၅)မျိုး

(၁) မီးဖိုပေါ်တွင် အချိန်ကြာမြင့်စွာ ဆူပွက်အောင်ထားသည့် ရေနွေး
(၂) ဓာတ်ဗူးထဲတွင် ရက်ကြာမြင့်စွာထားသည့် မလတ်ဆတ်သောရေနွေး
(၃) အကြိမ်ကြိမ်ဆူဗွက်အောင် ကြိုခဲ့သောရေနွေး
(၄) တစ်ညလွန်သောရေနွေးကို ထပ်ကြိုထားသောရေနွေး (သို့) ထပ်မကြိုထားသောရေနွေး
(၅) ထမင်း၊ ဟင်းပေါင်းခံရည်

၎င်းရေများ သောက်သုံးရန်မသင့်ခြင်းမှာ အကြိမ်ကြိမ် ဆူဗွက်ပြီးသောရေတွင် ကယ်လစီယံ၊ မက်ဂနီစီယံ၊ ဂရိုရင်းနှင့် အခြားသတ္တုများ ပိုမိုတိုးလာပြီး ကျောက်ကပ်ကို ထိခိုက်စေနိုင်သောကြောင့်ဖြစ်သည်။

ကျန်းမာရေး သော့ချက်များ

သော့(၁) WATER
မနက်ရေတစ်ခွက်သောက်ခြင်းသည် ခန္ဓာကိုယ်နှင့်ရေ ညီမျှစေ၏။

သော့(၂) SLEEP
အိပ်ချိန် ညာစောင်း၍ လေးကိုင်းသဏ္ဍာန်အိပ်ခြင်းသည် အိပ်ရေးဝစေ၏။

သော့(၃) APPETITE
အစာကို ၇ပုံမျှသာအဝစားခြင်းသည် ခန္ဓာကိုယ်အား ကျန်းမာစေ၏။

သော့(၄) EXERCISE
အားကစားလုပ်ခြင်းသည် စိတ်ခန္ဓာအား တက်ကြွစေ၏။

သော့(၅) MUSIC/LITERATURE
ဂီတသည် နှလုံးကိုရွှင်စေ၏။ စာဖတ်ခြင်းသည် အသိဥာဏ်ကို တိုးစေ၏။

သော့(၆) BEANS
ပဲအမြဲစားခြင်းဖြင့် အသက်ကိုစေရှည်သည်။

သော့(၇) VICES
ဆေးလိပ်၊ အရက်ကို လက်ပြနှုတ်ဆက်ပါ။

သော့(၈) LOVE/SEX
လိင်နှင့်အချစ်ကို ညီမျှပါစေ။

သော့(၉) LONELINESS
အထီးကျန်ခြင်းက ရုန်းထွက်နိုင်လျှင် သင်ကျန်းမာပြီ။

သော့(၁ဝ) MIND
ဦးနှောက်ကို မပြတ်သုံးပေးခြင်းဖြင့် အိုမင်းခြင်းကို ကာကွယ်နိုင်သည်။

သော့(၁၁) TEA
ရေနွေးကြမ်း အမြဲသောက်သုံးခြင်းသည် ဝိတ်ကျစေ၏၊ ကင်ဆာကို ကာကွယ်ပေး၏၊ အရွယ်တင် နုပျိုစေ၏။

သော့(၁၂) SMILE
ဘဝကို အပြုံးနဲ့ရင်ဆိုင်ပါ။

တရားထိုင်ခြင်းသည် ဦးနှောက်ကြွက်သားများကို တောင့်တင်းခိုင်မာစေ



ဒိုက်ထိုးလေ့ကျင့်ခန်းသည် လူ့ခန္ဓာကိုယ် ကြွက်သားများအား တောင့်တင်းခိုင်မာစေသလို တရားထိုင်ခြင်းသည်လည်း ဦးနှောက်ကြွက်သားများကို တောင့်တင်းခိုင်မာစေပြီး ဦးနှောက်ကျုံ့ခြင်းကို တွန်းလှန်နိုင်ကြောင်း အမေရိကန် သုတေသီများက ပြောကြားသည်။
ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ဦးနှောက်ဓာတ်မှန်ရိုက် ဓာတ်ခွဲခန်းဌာနမှ လက်ထောက် ဧည့်ပါမောက္ခအီလင်လူဒါစ်နှင့် အဖွဲ့သည် ဦးနှောက်အတွင်း ဖွဲ့စည်းတည်ဆောက်ထားပုံနှင့် ဆက်စပ်နေပုံကို ဦးနှောက်ဓာတ်မှန် ရိုက်နည်းအသစ်တစ်မျိုးဖြင့် ဓာတ်မှန်ရိုက်လေ့လာခဲ့ရာ တရားထိုင်သူများသည် ဦးနှောက်အစိတ်အပိုင်းတစ်ခုနှင်

့ တစ်ခု အကြားဆက်နွယ်မှုပို၍ အားကောင်းကြောင်း တွေ့ရှိခဲ့သည်။
ထို့အတွက် အသက်ကြီးရင့်၍ မေ့လျော့ခြင်းဖြစ်စေသည့် ဦးနှောက်ကျုံ့ခြင်းကို လျော့ပါးစေကြောင်း တွေ့ရှိခဲ့သည်။ ဆက်သွယ်မှု အားကောင်း သောကြောင့် ဦးနှောက်အတွင်း အီလက်ထရွန်နစ် အချက်ပြမှုများကို ထုတ်လွှတ်ရာတွင် ပိုမိုမြန်ဆန်ကြောင်း ယင်းအခြေအနေကို ဦးနှောက်အစိတ်အပိုင်း အားလုံးတွင် တွေ့မြင်ရကြောင်း သုတေသီများက ပြောကြားသည်။
ပျမ်းမျှအသက် ၅၂ နှစ်ရှိ ပုံမှန်တရားထိုင်သူ ၂၇ ဦးနှင့် တရားမထိုင်သူ ၂၇ဦးကို နှိုင်းယှဉ်လေ့လာခဲ့ရာမှ ယခုအချက်အလက်များကို တွေ့ရှိလာခြင်း ဖြစ်သည်။ လေ့လာခဲ့သူများတွင် ငါးနှစ်မှ နှစ်ပေါင်း ၄၀အထိ တရားထိုင်သူများ ပါဝင်ခဲ့ပြီး ၎င်းတို့သည် ဝိပဿနာနည်း (သို့မဟုတ်) ဇာဇန်နှင့် ရှမန်သာ နည်းများဖြင့် တရားထိုင်နေသူများဖြစ်ကြောင်း သုတေသီများက ပြောကြားသည်။

နောင်ရိုးတိုက်ပွဲအကျဉ်း

မြန်မာ့သမိုင်းတွင် ထင်ရှားလှသည့် တိုက်ပွဲဖြစ်သည်။ တောင်ငူဘုရင် တပင်ရွှေထီးသည် ဟံသာဝတီကို ၃ ကြိမ်မြောက်လုပ်ကြံပြီး သိမ်းယူရာတွင် မခုခံနိုင်တော့သည့် မွန်မင်း သုရှင်တကာရွတ်ပိသည် မိမိ၏ နောက်လိုက်နောက်ပါများကို ခေါ်ဆောင်ကာ ရေတပ်ဖြင့် မိမိယောက်ဖပြည်စားရှိရာ ပြည်သို့အမြန်ပြေးလေသည်။ သို့သော် ကုန်းမှလိုက်သည့် မွန်ကြည်းတပ်မှာ ရေတပ်ကဲ့သို့ မြန်မြန်မချီတက်နိုင်ပေ။ နောင်ရိုးအရပ်ရောက်လျှင် ချောင်းကိုကူးပြီးတပ်ချ ရပ်နားလေသည်။ ထိုသို့ရပ်နားစဉ်တွင် နောက်မှလိုက်လာသည့် ကျော်ထင်နော်ရထာ(ဘုရင့်နောင်)ဦးစီးသည့် တောင်ငူတပ်များ မှီလာပြီးချောင်းကို ဖြတ်ကူးကာ တောင်ငူ-ဟံသာဝတီ နှစ်ဖက်ပြင်းထန်စွာတိုက်ခိုက်ကြသည်။
နောင်ရိုးအရပ်သို့ရောက်လျှင် တစ်ဖက်ကမ်းရှိ ရန်သူတပ်၏ အင်အားကိုစုံစမ်းစေရာ ရန်သူမွန်တပ်အင်အားမှာ တိုက်ဆင် ၅၀၊မြင်းသည် ၅၀၀၊ စစ်သည်၁၀၀၀၀ ဖြစ်ကာ မိမိတပ်ထက်ထက် ၈ ဆမျှကြီးသည်ကို ကျော်ထင်နော်ရထာ သိရလေသည်။ ထိုအခါ နောက်ပါ အမှူးအမတ်တို့က မင်းတရားရွှေထီးတပ် ရောက်သည်အထိ စောင့်ပြီးမှ တိုက်သင့်ကြောင်း၊ မိမိတို့၏ လက်ရှိအင်အားဖြင့် တိုက်လျှင် နိုင်ရန် မလွယ်ကူကြောင်း လျှောက်ကြသည်။ ထိုအခါ ကျော်ထင်နော်ရထာက :"စစ်တို့၏သဘောမှာ အင်အားငယ်သည်ကြီးသည်မှာ ပဓါနမဟုတ်၊ သူရသတ္တိနှင့် စစ်ပရိယာယ်သာ ပဓါနဖြစ်သည်။" ဟု ဆိုကာ ချောင်းကိုကူးရန် စီစဉ်စေသည်။
ထိုစဉ် နောက်မှ တပင်ရွှေထီး၏ မြင်းသည်တော်များရောက်လာပြီး
"ငါမရောက်သမျှ စစ်ကိုမတိုက်နှင့်၊ စောင့်လင့်ဦး၊ ငါကိုယ်တော်တိုင် ရန်သူတို့ကို ချေမှုန်းတိုက်ခိုက်တော်မူလိုသည်။" ဟု အမိန့်တော် ပါးလိုက်လေသည်။ ထိုအခါ ကျော်ထင်နော်ရထာက "အရှင့်ဘုန်းတော်ကြောင့် ရန်သူတို့ကို အောင်မြင်ပြီးလေပြီ" ဟု ပြန်လည်လျှောက်တင်စေသည်။
ထိုနောက် ချောင်းတစ်ဖက်ကမ်းသို့ ကူးပြီးရောက်လျှင် ဖောင်များအားလုံးကို ဖျက်စေသည်။ ထိုအခါ မှုးမတ်တို့က :"အရှင်သည်.. စစ်ကိုမတိုက်ရသေးမှီကပင် အောင်မြင်လေပြီဟု မင်းတရားထံလျှောက်စေသည်။ ယခုလည်း ဖောင်ပန်းတို့ကို ဖျက်စေသည်။ အကယ်လို့များ စစ်ရေးမလှဘဲ ရှုံးနှိမ့်လျှင် အားကိုးအားထားပြုပြီးပြေးရန် ဖောင်များကိုထားစေလိုပါသည်။" ဟု လျှောက်ကြသည်။
ထိုအခါကျော်ထင်နော်ရထာက "ဖောင်တို့ကို မဖျက်လျှင် အနည်းငယ်စစ်ရေးမလှသည်တွေ့လျှင် နောက်သို့ချဉ်းလှည့်ပြေးရန် စဉ်းစားကြလိမ့်မည်။ ဖောင်တို့ကိုဖျက်မှသာ ရှေ့မှရန်သူကို နောက်မှရေဘေး ဟူသောအသိဖြင့် ယတိပြတ်အနိုင်တိုက်ရန် စိတ်ရှိကြမည်။ မင်းတရားကြီးထံ လျှောက်စေသည်မှာလည်း စစ်ကိုအနိုင်တိုက်ရန်ဖြစ်ပြီး ရှုံးပြီးသေကြလျှင် အပြစ်တင်ရန် မတတ်နိုင်တော့။ သေသောသူကိုအဘယ်သို့အပြစ်တင်နိုင်မည်နည်း။" ဟုဆိုကာ ဖျက်စေပြီး စစ်ကိုတိုက်စေသည်။
ကျော်ထင်နော်ရထာသည် တိုက်ခိုက်ရန်အတွက် ဒွိဇာဓိပဗျူဟာဖြင့်တိုက်ရန်ဆုံးဖြတ်သည်။
  • ထောမှိုင်းရဲကို ဆင်၁၅၊ မြင်း၂၀၀၊စစ်သည် ၃၀၀၀ဖြင့် ညာတောင်ပံ။
  • ဘယသင်္ကြန်ကို ဆင်၁၅၊ မြင်း၂၀၀၊စစ်သည် ၃၀၀၀ဖြင့် ဘယ်တောင်ပံ။
  • မိမိကိုယ်တိုင်ကမူ ဆင် ၂၀၊မြင်း ၁၀၀၊စစ်သည် ၄၀၀၀ ဖြင့်အလယ်ကြောင်းမှ တိုက်သည်။
တိုက်ပွဲစသည်နှင့် တောင်ငူတပ်သည် ရန်သူတပ်တို့ကို တဟုန်ထိုးတိုက်ခိုက်သည်။ အထင်သေးကာ ပေါ့လျော့နေသည့် မွန်တပ်ကြီးမှာ အမှန်တကယ်ရင်ဆိုင်ရာတွင် တောင်ငူတပ်၏ ရွပ်ရွပ်ချွံချွံတိုက်ခိုက်မှုကို ခံရသဖြင့် အပျက်အစီးများလေသည်။ ဗညားဒလ ဆင်ပေါ်မှဆင်းကာ မြင်းဖြင့် ပြည်သို့ပြေးရသည်။ကျန် စစ်သူကြီး မင်းရဲအောင်နိုင် မှာဆင်ထက်မှာပင်ကျဆုံးသည်။ နောက်တစ်ရက် တပင်ရွှေထီးရောက်သော် ဖမ်းဆီးမိသည့် ဆင်မြင်းလူသုံ့ပန်းအများကိုဆက်သရာ ကျေနပ်လွန်းလှသဖြင့် ဘုရင့်နောင် ဟူသောဘွဲ့ကိုပေးပြီး လှိုင်မြို့ကိုထပ်တိုးစားစေသည်။

 

ကေတုမတီ တောင်ငူ


Monday, November 7, 2011

အဖော်-ကျော်ထွဋ်ဆွေ,ဘိုလေး,ချမ်းအေးဝင်း,ဂျီတုံး,ရသ,ကြက်ဖ

 

ခေတ်လူပျို(ကိကိ) { Latest Album }

ခေတ်လူပျို၏ချစ်ဒုက္ခ(ဦးဘညွှန့်ရဲ့ချစ်ဒုက္ခ) ( ကိကိ Vs မိုးမိုး) 
အမှတ်တမဲ့မှအမှတ်တရ ( ကိကိ - စိုင်းစိုင်းခမ်းလှိုင်-ဘန်နီဖြိုး)
ငါလိုချင်တာ(ကိကိ + မိုးမိုး)
မင်းတစ်ယောက်ကိုပဲ(ကိကိ + ဘန်နီဖြိုး)
prom Night (ကျောင်းကပွဲ) (ကိကိ +ဘိုလေး)
နီးမှာပါ ( ကိကိ +အိမ့်ချစ်)
ကိုယ့်အရစ်ဆုံး(ကိကိ + ဘန်နီဖြိုး+မွန်မွန်ကြည်ဖြူ)
နောက်ကွယ်ကမျက်နှာများ(ကိကိ + ရန်ရန်ချန်း +ဘိုလေး)
အဲ့ဒါဘယ်သူလဲ (ကိကိ + ငယ်ငယ်)
ရေမြေခြား (ကိကိ +သီရိဆွေ)
ဟုတ်လိုက်ပါ၊လုပ်လိုက်ပါ (ကိကိ)
ဇာတ်သိမ်းခန်း (ကိကိ + ဘန်နီဖြိုး)

Bonus Track
အဝေးရောက်ချစ်သူ(ကိကိ-စိုင်းစိုင်း-ဘန်နီဖြိုး)
မနီးစပ်ခြင်း(ကိကိ + ရန်ရန်ချန်း+လင်းပင်ဟိန်း +ပိုးရိ)
မေ့လိုက်(ကိကိ+ရဲလေး)
ဒီမှာ  ဒေါင်းပါ

Sunday, November 6, 2011

စိုင်းစိုင်းခမ်းလှိုင်၊ချောကလက်ရောင်ရေခဲအိပ်မက်

01 Intro
02 ချစ်သူတမ်းတသီချင်း-၂ (Feat; တင်ဇာမော်)
03 ကမ္ဘာကိုဖန်ဆင်းစို့ (Feat; စည်၊တင်၊သီရိ)
04 အူးအူးဘေဘီချစ်လွန်းလို့
05 မိုးစက်ပွင့်လေး
06 မိတ်ဆွေကောင်မလေး
07 ရင်ခုန်နေ့များပျောက်မှာစိုး
08 လုပ်ခဲ့တာတွေမှား
09 ကမ္ဘာရယ်ကောင်းကင်ရယ်မိုးရေရယ်
10 မင်းမေ့ (Feat; သီရိဂျေမောင်မောင်)
11 လမင်းလေးသန်းခေါင်ယံ
12 ကမ္ဘာခြားခဲ့တာမင်းနဲ့ငါ
13 ဖမ်းစားခြင်း

 ဒီမှာဒေါင်း

Thursday, November 3, 2011

အင်တာနက်မရှိသည့်အချိန်တွင် စမ်းသပ်အဆင့်Offline Gmail သုံးစွဲနိုင်

ကမ္ဘာကျော်Google၏ ဝန်ဆောင်မှုတစ်ခုဖြစ်သည့် Gmail Service အသုံးပြုသူများအတွက် Offline Gmailကို ဇန်နဝါရီလကုန်ပိုင်းတွင် Googleမှ စတင်ဖြန့်ဝေလိုက်ပြီ ဖြစ်သည်။ Offline Gmail ဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် ဝင်းဒိုးစ်စနစ်တွင်ပါဝင်သော Microsoft Outlookကဲ့သို့ပင် အင်တာနက်ချိတ်ဆက်မှု မရှိသည့်အချိန်တွင်လည်း အီးမေးလ်ဖတ်ခြင်း၊ အီးမေးလ်ရေးသားခြင်းတို့ကို မိမိ၏ကွန်ပျူတာတွင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ယခင် Gmail Serviceတွင် Accountတစ်ခုအတွင်းရှိ ဝင်စာ(Inbox mail)၊ ထွက်စာ(Sent mail)နှင့် ပူးတွဲပါဖိုင်များ(Attachment file) စသည်တို့ကို Google Serverများ၌သာ သိမ်းဆည်းထားပြီး အင်တာနက်ချိတ်ဆက်မှု ရှိမှသာလျင် Gmail အသုံးပြု၍ ပြန်လည်ကြည့်ရှုနိုင်သည်။

ယခု Offline Gmail ဝန်ဆောင်မှုကို Email Account တစ်ခုတွင် တပ်ဆင်အသုံးပြုထားပါက အဆိုပါ Accountနှင့် ပတ်သက်သည့် E-mail, Attachment စသည်တို့ကို Gmail Serverတွင်သာမက မိမိကွန်ပျူတာရှိ E-mail Serverတွင်လည်း တစ်ပြိုင်းတည်း downloadလုပ်ပြီး သိမ်းဆည်းပေးသွားမည် ဖြစ်သည်။ ဥပမာအားဖြင့် Gmail သုံးစွဲသူတစ်ဦးသည် အင်တာနက်ချိတ်ဆက်၍ သုံးစွဲနေစဉ် ထိုသုံးစွဲသူ၏ E-mail Accountသို့ ဝင်ရောက်လာသော Inbox mail၊ အခြားသူထံ ပို့လိုက်သော Sent mailနှင့် Attachment fileများ အားလုံးကို ကွန်ပျူတာအတွင်းရှိ Mail Serverတွင်လည်း တစ်ပြိုင်တည်း သိမ်းဆည်းထားနိုင်လိမ့်မည်။ ထို့ကြောင့် Gmail သုံးစွဲသူသည် အကြောင်းတစ်စုံတရာကြောင့် အင်တာနက်မရတော့သည့် အချိန်တွင်လည်း မိမိ၏ မေးလ်များကို ဖတ်ခြင်း၊ အီးမေးလ်များ ရေးသား၍ အဆင်သင့် သိမ်းဆည်းထားနိုင်ပြီး အင်တာနက်ရသည့်အခါ ချက်ချင်းပေးပို့နိုင်ခြင်းများ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ Offline Gmail ဝန်ဆောင်မှုမှာ Google၏ Opensource Software တစ်ခုဖြစ်သည့် Google Gearကို အသုံးပြုကာ Google Serverရှိ သုံးစွဲသူ၏ Gmailဆိုင်ရာ အချက်အလက်များကို ကွန်ပျူတာသို့ အလိုအလျောက် download ပြုလုပ်ပေးသည့် စနစ်ဖြစ်ကြောင်း သိရသည်။

Offline Gmail Support ဝန်ဆောင်မှုကို မိမိ၏ ကွန်ပျူတာတွင် တပ်ဆင်အသုံးပြုလိုပါက အောက်ပါအဆင့်များအတိုင်း ဆောင်ရွက်နိုင်ပါသည်။

၁။ Gmailသို့ sign-in လုပ်ရပါမည်။

၂။ မိမိ Gmail စာမျက်နှာသို့ ရောက်ပါက “Settings”ကို ရွေးချယ်ပါ။

၃။ “Setting” အောက်မှ “Lab”ဆိုသည့် tabကို ရွေးချယ်ပါ။

၎။ “Lab”စာမျက်နှာတွင် ကဏ္ဍများစွာ ရှိသည့်အနက်မှ အပေါ်ဆုံးရှိ “Offline”ဆိုသည့်ဘေးတွင် “Enable”ကို ရွေးပေးရပါမည်။

၅။ ထို့နောက် “Lab”စာမျက်နှာ အောက်ဆုံးကိုသွား၍ “Save Changes” လုပ်ပါ။

၆။ “Save Changes” လုပ်ပြီးသည့်အခါ မိမိ၏ Gmail စာမျက်နှာရှိ “Settings”၏ဘေးတွင် “Offline 0.1”ဆိုသည့် Linkတစ်ခုကို တွေ့ရပါမည်။

၇။ Offline Gmailကို အသုံးပြုနိုင်ရန် အဆိုပါ Linkမှတဆင့် Google Gearကို လက်ခံအသုံးပြုဖို့ “Allow it to use Gears”ဘေးမှ check boxကို အမှန်ခြစ် ပြုလုပ်ပါ။ “Allow” buttonကို ကလစ်နှိပ်ပါ။

၈။ ထို့နောက် Offline Gmailကို ကွန်ပျူတာတွင် အလွယ်တကူ မြင်တွေ့အသုံးပြုနိုင်ရန် Shortcut Icon ထားလိုသည့် နေရာရွေးချယ်ရပါမည်။ ထို့နောက် “OK” buttonကို ကလစ်နှိပ်လိုက်ပါက Google Serverတွင် သိမ်းဆည်းထားသည့် (၃)နှစ်အောက်သက်တမ်းရှိ မိမိ၏ မေးလ်များနှင့် Attachment fileများ အားလုံးကို ကွန်ပျူတာရှိ E-mail Serverသို့ Download လုပ်ပြီး သိမ်းဆည်းပေးသွားမည် ဖြစ်သည်။ Google၏ Offline Gmailသည် စမ်းသပ်နေဆဲ(Lab Version)အဆင့်တွင်သာ ရှိသေးပြီး မကြာမီ အပြည့်အဝ အသုံးချနိုင်သည့် အဆင့်(Full Version)အဆင့်သို့ မွမ်းမံပြင်ဆင်သွားမည်ဟု သိရသည်။

Inbox ထဲမှာ မဖတ်ရသေးတဲ့ စာတွေ ကို အပေါ်ဆုံး က မြင်ရအောင် လုပ်နည်း

   ကိုယ့်ရဲ့ GMAIL ကို ဖွင့်လိုက်တာနဲ့ မဖတ်ရသေးတဲ့ Mail တွေကို အပေါ်ဆုံးက ပေါ်နေရင် မကောင်ဘူးလားဗျာ။ ကိုယ်ကမေ့ပြီးတော့ မဖတ်ခဲ့ရင်လည်း အခုလို အပေါ်ဆုံးက ပေါ်နေတော့ အဆင်ပြေမယ် ထင်ပါတယ် ခင်ဗျာ။ ချစ်ချစ်ကမေးပို့ လိုက်လို့ ကိုယ်ကမသိဘူးဆိုရင်လည်း ပြန်ရှာနေစရာ မလိုဘူးပေါ့ဗျာ။ ဘယ်ကပဲ ပို့ ပို့ ပေါ့ဗျာ၊အရေးကြီးတာတွေကို ကိုယ်ကမဖတ်မိဘဲ ဖြစ်နေရင် မကောင်းဘူးပေါ့ဗျာ။ Gmail ကိုဖွင့်ပြီးရင် search box ထဲမှာ label:unread in:inbox ဆိုတာကို ရိုက်ပြီးတော့ Search Mail ဆိုတာကို Click လိုက်ရင်မဖတ်ရသေးတဲ့ Mails လေးတွေကနေ စပြီးတော့ ဖော်ပြပေးပါလိမ့်မယ် ခင်ဗျာ။

Gmail မှာ Exe ဖိုင် ထည့်ပြီးတော့ ပို့ မယ်ဆိုရင်

Gmail မှာ Exe ဖိုင်ကို attach လုပ်ပြီး ပို့မရတာ အားလုံးသိပြီးကြမှာပါ။ ဗိုင်းရပ်စ်တွေဟာ exe ဖိုင်တွေကနေ အများဆုံးဝင်နိုင်တာမို့ Google က ကန့်သတ်ထားခြင်းဖြစ်ပါတယ်။ ခက်တာကဗျာ..ကျွန်တော်တို့က ဘယ်ဗိုင်းရပ်စ် မှလည်း သူများဆီကို ပို့မှာမဟုတ်ဘူး။ ဟိုဟိုဒီဒီ ကောင်းနိုးကောင်းရာ Program လေးတွေကို သူငယ်ချင်းတွေဆီ attach လုပ်ပို့မယ်ဆိုတော့ ပြဿနာတက်ရော။ အဲဒါနဲ့ ကျွန်တော်လည်း ကလိန်ကကျစ်နည်းလေးတစ်ခုကို စတွေ့ပါတော့တယ်။
ပထမဆုံး ကိုယ်ပို့ချင်တဲ့ Exe ဖိုင်ကို File Extension ပြောင်းပေးရပါမယ်။ File extension ဆိုတာက ဖိုင်တစ်ဖိုင်ရဲ့ နာမည်နောက်မှာရှိတဲ့ letter သုံးလုံးကို ပြောတာပါ။ ဥပမာ File name က ultrasurf.jpg ဆိုရင် အဲဒီဖိုင်ရဲ့ Extension ဟာ jpg ဖြစ်ပါတယ်။ ultrasurf.exe ဆိုရင်တော့ သူ့ extension က exe ပေါ့။ Exe ဆိုတာက Executable ရဲ့အတိုကောက်ဖြစ်ပါတယ်။ အဲဒီတော့ ကိုယ်ပို့မယ့် exe ဖိုင်ကို တခြား extension ပြောင်းပါ။ ultrasurf.exe ဆိုရင် ultrasurf.abc လို့ပြောင်းလိုက်ပေါ့။ အဲဒါဆို အဲဒီဖိုင်ကို attach လုပ်လို့ ရသွားပါပြီ။ ကိုယ် မေးလ်ပို့တဲ့သူကိုတော့ မေးလ်ထဲမှာ Extension ကို ပြန်ပြောင်းပြီး ဖွင့်ပါလို့တော့ ရေးပေးရမှာပေါ့။
File extension ကို ပြောင်းလဲနည်းကတော့
၁။ သင့်ဖိုင်နာမည်ကို ကြည့်လိုက်ပါ။ File extension မပါဘူးဆိုရင် Tools> Folder Option ကိုသွားပြီး View tab ကိုနှိပ်ပါ။
၂။ ပြီးရင် Hide extensions for known file type ရှေ့က အမှန်ခြစ်ကို ဖြုတ်ပေးပါ။ OK နှိပ်ပါ။
၃။ File ကို rename လုပ်ပါ။ (a.exe ဆိုရင် a.abc ပေါ့) Enter ခေါက်ပြီး အတည်ပြုပေးလိုက်ပါ။
၎။ ပြီးသွားပါပြီ။ ကဲ ပို့ကြည့်လိုက်ပေါ့။

Gmail ကနေ အလိုအလျှောက် စာပြန်တဲ့နည်းလေး ပါ

Gmail မှာ Holiday Time! သတ်မှတ်ပေးထားရင် အလိုအလျှောက် စာပြန်ပေးပါတယ်။ ဘာကြောင့် လောလောဆယ် စာမပြန်နိုင်တာ အသိပေးနိုင်တော့ တစ်ဖက်ကလည်း မမျှော်ရတော့ဘူးပေါ့ :-)

အင်တာနက် ကွန်နက်ရှင် မရှိတဲ့ဒေသ တွေဆီသွားမယ်ဆို စသွားမယ့်ရက် နဲ့ ပြန်ရောက်မယ့်ရက် ရွေးပေးပြီး ပြောပြစေလိုတဲ့ စာသားဖြည့်ထားရင် သတ်မှတ်ရက် အတွင်းမှာ Gmail က အ၀င်စာတွေကို စာပြန်ပေးနေပါလိမ့်မယ်။

မူရင်း ဂျီမေးလ် မှာ labs icon သို့ setting labs Holiday Time! မှာ enable လုပ်ပြီး setting save လုပ်ပေးလိုက်ပါ။ Standard version သုံးနေမှ တွေ့ရပါမယ်။ 






နောက်တစ်ဆင့်မှာ setting general Out of Office AutoReply သွားပြီး on mode ကို ရွေးရပါတယ်။ ရက်စွဲ၊ခေါင်းစဉ်၊အကြောင်းအရာ တွေ စိတ်ကြိုက် ချိန်ညှိပြီး contacts က မေးလ်ဘဲ ပြန်စေမလား အ၀င်စာ အားလုံး ပြန်စေမလား ဆုံးဖြတ်ပြီးရင် ခရီးထွက်နိုင်ပါပြီ။

ခရီးက ပြန်ရောက်လာရင် အရင်ဆုံး မိမိ မေးလ်ကို ဘယ်သူ ဟက်ထားသေးလည်း စစ်ကြည့်လိုက်ပါဦး။  





Mail login ၀င်ပြီး Browser အောက်နားက Last account activity မှာ detail ကိုနှိပ်ပြီး မိမိမဟုတ်တဲ့ IP မသုံးတဲ့ access နည်းလမ်းတွေနဲ့ ဘယ်အချိန်က ၀င်ထားလည်း ကြည့်နိုင်ပါတယ်။ ထူးခြားချက်တွေ့ရင် sign out all other session ကိုနှိပ်လိုက်ပါ။ စိတ်မချရသေးရင် learnmore ကိုနှိပ်ပြီး ပြောင်းလို့ရတဲ့ security setting အကုန်ပြောင်း ဂူဂယ်ကိုပါတိုင်ပေါ့။ ပြောမယ့်သာပြောရတယ် ဒီလိုမဖြစ်စေချင်ပါဘူး လုံခြုံရေး အရ မသိထားသူ သိရအောင်လို့ပါ။ Gmail ဟာ လုံခြုံမှုအရှိဆုံး နဲ့ အကောင်းဆုံး free service ပါ။ ယုံကြည်စိတ်ချ ခရီးသွားလို့ ရပါတယ် :-)

G Mail အကြောင်း

GMail အကြောင်း

Email တွေထဲမှာ gmail ဟာလူကြိုက်အများဆုံး webmail ပါ။
GMail နဲပတ်သတ်ပြီး လေ့လာမိသမျလေးကို တနေရာထဲမှာစုပြီးဖေါ်ပြပေးချင်လို့ပါ။
GMail ၂ မျိုး :  GMail ကို username@gmail.com နဲ username@googlemail.com ဆိုပြီး၂မျိုးတွေ့နိုင်ပါတယ်။ gmail ကတော့အဓိကသုံးတဲ့နာမည်ဖြစ်ပြီး gmail ဆိုတဲနာမည်ကို မူပိုင်ခွင့်မရတဲနိုင်ငံတွေမှာတော့ googlemail ဆိုပြီးသုံးပါတယ်။
GMail လိပ်စာ :  GMail ကို အခြို့သောနိုင်ငံများမှာ gmail.com မှာသုံးပေမဲ အခြို့နိုင်ငံများမှာတော့ mail.google.com ဖြစ်ပါတယ်။
နောက်တချက်က HTTP  နဲ HTTPS ဆိုတာပါ အဲဒါကတော့ တနေရာထဲကိုရည်ညွှန်းပေမယ် ဆက်သွယ်မှစနစ်ခြင်းကွာပါတယ် HTTPS ဆိုတာ secure layer အလွယ်အားဖြင့် ပိုပြီးလုံခြုံတဲစနစ်ပေါ့။ Https ဖြင့်ချိတ်ဆက်ခြင်းဖြင့် ကိုယ်ရဲ့စာသွားရာလမ်းတလျောက်မည်သူမှခိုးယူမဖတ်နိုင်ဘူးလို့ဆိုလိုတာပါ။
GMail လိပ်စာတခုရဖို့အတွက်ဆိုရင် ဒီမှာနှိပ်ပါ။

GMail ဖွင့်ခြင်း

GMail ကိုပုံမှန်အားဖြင့် standard mode လို့ခေါ်တဲ့ အပြည့်စုံဆုံးအသွင်အပြင်ဖြင့်ဖွင့်ပါတယ်။ အဲဒီမှာ Internet Headline News များနဲ GTalk ကဲ့သို့သော Feature တွေပေါင်းထည့်ပေးထားပါတယ်။ အဲဒါကြောင့်တနေရာထဲမှာတင် အလုပ်တော်တော်များမျာပြီးနိုင်ပါတယ်။ ဒါပေမယ်သင်ဟာနှေးကွေးတဲ့အင်တာနက် connection တခု ပေါ်ကသုံးနေရတယ် ဒါမှမဟုတ် gmail ကိုစာစစ်ဖို့သက်သက်သာသုံးချင်တယ် ပိုမြန်စေချင်တယ်ဆိုရင်တော့ basic html mode ဆိုတဲ့ Link ကိုနှိပ်ပြီး ရိုးရှင်းတဲ့အသွင်နဲ့သုံးနိုင်ပါတယ်။ ဒီအသွင်မှာတော့ instant messaging လို news headline တွေတော့ပါတော့မှာမဟုတ်ပါဘူး။ သင်ဟာ basic mode ကိုသဘောကျလို အဲဒါကိုပဲသုံးချင်ရင်တော့ set basic html as default ဆိုတဲ့ Link မှာနှိပ်လိုက်ပါ။ ဒါဆို သင် gmail ဖွင့်တိုင်းမှာ basic mode နဲ့ဖွင့်ပေးမှာဖြစ်ပြီး standard mode ဆိုတဲ့ Link ကိုနှိပ်မှသာ မူလ အတိုင်းပြန်ပြောင်းပေးမှာဖြစ်တယ်။

Label

Label ကတော့ ကွန်ပြူတာက folder သဘောမျိုးပါ။ ရှာရလွယ်အောင် သက်ဆိုင်ရာ mail တွေကို label တွေတပ်ပေးထားရင် ရှင်းလင်းသွားတာပေါ့။

Filter

Filter ကတော့ ကိုဆီဝင်လာတဲ mail တွေကို အမျိုအစားတခါထည်းခွဲပြီးသင့်သလိုစီမံနိုင်အောင်ပါ။
ဥပမာ မိသားစုဆီကလာရင် Family သူငယ်ချင်းတွေဆီကလာရင် Friends ဆိုပြီး Label တပ်ခိုင်းလို့ရသလို website တွေကလာတဲ့ mail တွေကို news letter ဆို label လုပ်ရုံတင်မကဘူး တခါတည်း achieve လုပ်ခိုင်းလို့ရတယ်။ achieve ဆိုတာ inbox ထဲမှာမပြနဲ့ဆိုတဲ့အဓိပါယ်ပါ။ achieve လုပ်ပြီးသားတွေကို all mail, search နဲ label တွေကဆင့်ပြန်ရှာလို့ရတယ်
တကယ်လို တယောက်ယောက်က spam တွေပို့နေရင်လဲ အဲဒါတွေအကုန်ကို filter လုပ်ပြီး သူ့ဆီပြန်ပို့လို့ရတယ်။

Gmail လိပ်စာကိုအမျိုးမျိုးပွားဖို့

Gmail နဲ တခြား webmail တချို့မှာ Plus Sign လို့ခေါ်တဲ + ပေါင်းထည့်လို့ရတဲ နည်းတခုရှိပါတယ်။ ဥပမာ-  username@gmail.com က သင့်ရဲ့ gmail လိပ်စာဖြစ်မယ်ဆိုရင်  username+1234@gmail.com ဟာလဲသင့်လိပ်စာပါပဲ username+abcd@gmail.com ဟာလဲသင့်လိပ်စာပါပဲ။ ဒါဟာ spam တိုက်ဖျက်ရေးရည်ရွယ်ချက်အတွက်ထည့်ပေးထားတာပါ။
ကျွန်တော်တို့က mail ကို စာပို့ရုံသာမဟုတ်ဘဲ website တွေ community တွေမှာ member ဝင်ဖို့ identity မှတ်ပုံတင်အဖြစ်လဲသုံရပါတယ်။
တကယ်လို့ စိတ်မချရတဲ့ website တခုကို member ဝင်မိလို့ သူက ကိုယ့် email ကို spam တွေ ကြေငြာတွေဆက်တိုက်ပို့တယ်ဆိုပါတော့ အဲဒါ ပို့သူက တယောက်ထဲဆို Block လုပ်လိုက်လို့ရပေမယ့် သူကတခြားသူကိုပါ ကိုယ့် email ရောင်းစားလို့ နာမည်အမျိုးမျိုးနဲဝင်လာမယ်ဆိုပြသနာပါ။ အဲဒါမျိုးကိုကာကွယ်ဖို့အတွက Plus sign ကအ သုံးဝင်ပါတယ်။ သင်က WEBSITE တခုကို Email လိပ်စာပေးတိုင်း Plus Sign သုံးပြီး username+websitename@gmail.com လို့ပေးလိုက်မယ်ဆို သူကဘယ်သူ့ကိုပဲရောင်းစားစား spam မှန်သမျှက username+websitename@gmail.com ဆီကိုဝင်လာမှာပါ အဲဒါဆိုသင်က filter တခုဆောက်ပြီး အဲဒီလိပ်စာကို label တပ် achieve တန်းလုပ်ထားလိုက်ရင် သင့်ကိုအနှောက်အရှက်မပေးနိုင်တော့ပါဘူး။ အဲဒီအပြင် သင်က websitename နဲတွဲပေးထားတာဆိုရင် သင့်ကိုဘယ် website ကရောင်းစာလဲသိနိုင်ပြီး google ကိုတိုင်ကြားနိုင်ပါတယ်။
သင်ဟာ gmail တခုထဲသုံးတာမဟုတ်ဘဲ သင့်မှာကိုယ်ပိုင် email (client mail) သို့မဟုတ် တခြား webmail ဥပမာ yahoomail လိုရှိမယ်ဆိုရင် သင်ဟာ mail စစ်ဖို့အတွက်အလုပ်မရှုပ်ရအောင် gmail ကို တခြားmail ဆို foward လုပ်ထားနိုင်ပါတယ်။ အဲဒါဆို သင့် gmail ထဲကိုလာသမျှ mail ရဲ့မိတ်တူတစောင်ဟာ သင့်ရဲ့တခြား mail ထဲအထိရောက်လာမှာမို့ သင်ဟာ gmail ကိုဖွင့်ကြည့်စရာမလိုတော့ပါဘူး။

Google ရဲ့ news alert နဲ့ web alert email များ

သင်က အကြောင်းအရာတခုခုရဲ့သတင်းကိုအမြဲနားစွင့်နေစရာရှိရင် google ရဲ့ alert system ဟာအကူအညီအများကြီးရပါလိမ့်မယ်။
ဥပမာ ကျွန်တော့ရဲ့ mail မှာဆိုရင်  myanmar news alert daily နဲ့ intel blog alert weekly ဆိုတင်ထားပါတယ်။
သင်စိတ်ဝင်စားတဲအကြောင်းအရာကိုခေါ်င်းစဉ်ပေး ပြီးရင်  news/blog/web/comprehensive ကိုရွေးပေးပါ။ email ပို့တဲအကြိမ်ရေကိုလဲ တပတ်တကြိမ်၊ တနေ့တကြိမ်နဲ ဖြစ်ဖြစ်ချင်း(as it happen) ဆိုစိတ်ကြိုက်ရွေးပေးနိုင်ပါတယ်။
နောက်တခုက သင်စိတ်ဝင်စားလို့အမြဲဖတ်ဖြစ်တဲ သတင်း ဝက်ဘ်ဆိုက် ဒါမှမဟုတ် ဘလော့မှာ email subscription service ရှိရင် သင့်ရဲ့ gmail address သုံးပြီး အမြဲသတင်းတွေကို သင့်ရဲ့ email ဆီအရောက်ပို့ဆောင်ခိုင်းလိုက်ပါ။ ဒါဆို သင်ဟာ ဘယ် ဝက်ဘ်ဆိုက်ကိုမှ အချိန်ကုန်ခံဖွင့်စရာမလိုပဲ gmail အတွင်းကနေ တကမာလုံးသတင်းတွေသိနိုင်ပါတယ်။
အဲလိုမတင်မကပါဘူး   sent@webtomail.co.cc ကိုသင်အနေနဲ့ကြည့်ချင်တဲ websit ရဲ့လိပ်စာကို subject အနေနဲပို့လိုက်ပါဒါဆို သင့်ရဲ့ mail ထဲကို အဲဒီ web စာမျက်နှာရောက်ရှိလာပါလိမ်မယ်။ (အထူးသဖြင့် website တွေ block အလုပ်ခံထားရသူတွေအတွက် အသုံးဝင်ပါတယ်)
သင်က ဥပမာ aungaung.blogspot.com ကို block အလုပ်ခံထားရပြီး access denied ဖြစ်နေရင် sed@webtomail.co.cc ကို အဲဒီလိပ်စာသာ subject အနေနဲ့ပို့လိုက်ပါ သင်ဟာအဲဒီ ဘလော့ကို email အတွင်းကဖတ်လို့ရပါပြီ။
နောက်ပြီးသင်ဟာ blog ရေးတဲလူတယောက်ဖြစ်မယ် နောက်ပြီး သင်ရေးတဲ blog host က post via mail service လဲရှိမယ်ဆိုရင်တော့သင်က gmail ထဲမှာထိုင်ပြီး သတင်းတွေဖတ် ပြန်လည်ပြီးထင်မြင်ချက်တွေရေးပြီး email ကတဆင့် သင့် blog မှာ Post လှမ်းတင်လိုက်မယ်ဆိုသင့်အလုပ်ဟာ ဘယ် webpage မှ သွားစရာမလိုတော့ပါဘူး။ blog မှမဟုတ်ပါဘူး တချို့သော community တွေ က သင့်ကို email မှတဆင့် သူတို့ဆီကို Photo တွေ Video တွေတင်ဖို့လိပ်စာတွေပေးထားတတ်ပါတယ်။
ဒါကြောင့်သင့်ရဲ့ gmail လေးအလုပ်လုပ်နေသရွေ့ network traffic ကြောင့် website တွေဝင်မရလို့အလုပ်မပြီးတာမျိုးနည်သထက်နည်းသွားပါလိမ့်မယ်။

Monday, October 31, 2011

မျှော်လင့်ခြင်း လမင်း

နူးညံ့တဲ့ မင်းမျက်ဝန်းရဲ့အကြည့်တွေကို
ငါတိတ်တခိုး မျှော်လင့်ရင်းရင်ခုန်ခဲ့တယ်...
နီထွေးတဲ့ မင်းနှုတ်ခမ်းလေးတစ်စုံရဲ့
လှုပ်ရှားမှုတွေမှာငါပျော်ဝင် ကျဆုံးခဲ့တယ်...
လှပလွန်းတဲ့ မင်းအပြုံးလေးမှာ
ချိုမြိန်ရီဝေစွာနဲ့ ငါ့နှလုံးသားအရည်ပျော်ခဲ့တယ်...
မင်းရဲ့ရင်ဖွင့်လာမယ့်နေ့ကို
တိတ်ဆိတ်စွာစောင့်စားရင်း
ရင်မောခဲ့ရသူပါကွယ်...

Forever ... Sometimes

တခါတလေ
ကောင်းကင်ကိုကြည့်ပြီး
လွမ်းတတ်တယ် ...
တခါတလေများ
တစ်ယောက်တည်းတွေးရင်း
လွမ်းမိတယ် ...
တခါတလေပေါ့နော်
အထီးကျန်တဲ့အခါ
သတိရတယ် ...
တခါတလေသိပ်များလာတဲ့အခါ
ငါသိလိုက်တာက
မင်းကိုအရမ်းချစ်တယ်ဆိုတာဘဲ ...
အရမ်းချစ်တယ် အကြင်နာရယ် ...

                                from my love » NandiphyO «

ခေါင်းစဉ်မဲ့ကဗျာ

မင်္ဂလာဝတ်စုံလေးတွေကြည့်ပြီး
အမြဲတမ်းစိတ်ကူးယဉ်နေခဲ့တဲ့ ငါ
အခုတော့ ငါစိတ်ကူးယဉ်ခဲ့တဲ့ သတို့သမီးကို
ဘယ်သူ့ဆီကနေ သွားခေါ်ရမှာလဲ ?

ငါ့ရဲ့ `ဧ၀´ လေးလို့ တင်စားရတဲ့
ငါ့ရဲ့ စိတ်ကူးယဉ်ထဲက သတို့သမီးလေး
ငါ့ကို ပန်းသီးတစ်ကိုက်ကျွေးပြီးတော့
ပန်းသီးနဲ့အတူ ဘယ်ဆီကိုများ ထွက်ခွာသွားတာလဲ ?

ငါတစ်ခါမှ မတွေးမိဘူး သူနောင်တစ်ချိန်မှာ
ဒီလိုထွက်ခွာသွားမယ်ဆိုတာကိုလေ
ငါ့နှလုံးသားလဲ ပြန်ဆက်လို့မရအောင် ကြေမွနေပြီ
ဒီအဖြစ်အပျက်တွေဟာ အိပ်မက်တွေပဲလား ?
အမှန်တကယ်လား ?

ငါ ဝေခွဲမရဖြစ်နေတယ်
တကယ်ပဲ အိပ်မက်ဆိုရင် ငါ့ကို တရေးနိုးခွင့်တော့ ပြုပါ ...

                                                                           ~» Ctone «~

ရေဒီယို နားထောင်မယ်

MYMC Radio