Pages


  ဗုဒ္ဓံသရဏံ ဂစ္ဆာမိ။ ဓမ္မံသရဏံ ဂစ္ဆာမိ။ သံဃံသရဏံ ဂစ္ဆာမိ။


Tuesday, January 10, 2012

ဗိုလ်ချုပ်ကဗျာ

ဖေဖော်ဝါရီ ဆယ့်သုံးဟာ
ဗိုလ်ချုပ်မွေးနေ့ပါ
တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး
ရှေးနေ ဦးဖာသား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင်ဒေါ်စုသား
တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွ တမလွန်
မျည်ရည်ဖြိုင်လို့ ဘ၀င်ငြိုး
ဇူလိုင်တဆယ့်ကိုး
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ်ဒို့ခေါင်းဆောင်
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား
ပြည်ထောင်စုရဲ့ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်
ကောင်းစေချင်တဲ့ မှာစကား
ငါတို့မမေ့အား.........

ရေဒီယို နားထောင်မယ်

MYMC Radio