Pages


  ဗုဒ္ဓံသရဏံ ဂစ္ဆာမိ။ ဓမ္မံသရဏံ ဂစ္ဆာမိ။ သံဃံသရဏံ ဂစ္ဆာမိ။


Tuesday, January 31, 2012

ကမ္ဘာမှာ ဘယ်ဘာသာအကောင်းဆုံးလဲ ?

          ၂၀၀၉-ခုနှစ်၊ ဇူလိုင်လ၊ (၁၅)ရက်နေ့တွင် ဆွဇ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ အခြေစိုက်သော နိုင်ငံတကာ ဘာသာပေါင်းစုံ မဟာမိတ်ဖြစ်ပေါ်တိုးတက်ရေးအသင်းကြီး (ICARUS)က နိုင်ငံတကာမှ ဘာသာရေးခေါင်းဆောင်များအား ဖိတ်ကြား၍ မိမိတို့ကိုးကွယ်ရာဘာသာအကြောင်း ဆွေးနွေးစေခဲ့သည်။
          ထို့နောက်ဆွေးနွေးခဲ့သည့် ကိုးကွယ်ရာဘာသာအသီးသီးမှ ကမ္ဘာ့အမွန်မြတ်ဆုံးဘာသာကို မဲဆန္ဒပေး၍ ရွေးချယ်ခဲ့ကြသည်။ ထိုဆွေးနွေးပွဲကြီးသို့ ကမ္ဘာအရပ်ရပ်မှ ဘာသာရေးခေါင်းဆောင် (၂၀၀)ကျော် တက်ရောက်ခဲ့သည်။ ထို (ICARUS) အသင်းကြီးတွင် ဗုဒ္ဓဘာသာအသင်းဝင် အရေအတွက်မှာ မဖြစ်စလောက်အနည်းငယ်သာ ပါဝင်ပါသည်။
           သို့သော် စားပွဲဝိုင်းဆွေးနွေးပြီးနောက် ကမ္ဘာ့ အမွန်မြတ်ဆုံးကိုးကွယ်ရာဘာသိာု မဲပေးဆုံးဖြတ်ကြရာတွင် မယုံကြည်နိုင်ဖွယ် ကောင်းလောက်အောင်ပင် ဗုဒ္ဓဘာသာက ကမ္ဘာတွင် အမွန်မြတ်ဆုံးကိုးကွယ်ရာဘာသာအဖြစ် မဲဆန္ဒပေးခြင်းခံရသည်။
          အံ့သြဘွယ်အကောင်းဆုံးမှာ အခြားအခြားသော ဘာသာရေးခေါင်းဆောင်များသည် မိမိတို့ကိုးကွယ်ရာ ဘာသာကို မဲဆန္ဒမပေးဘဲ ဗုဒ္ဓဘာသာကို မဲဆန္ဒပေးခြင်းဖြစ်ပါသည်။
           ဤသို့မဲဆန္ဒပေးခြင်းနှင့် ပတ်သက်၍ ဘာသာရေးခေါင်းဆောင်များ၏ ဝေဖန်သုံးသပ်မှုမှာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ထို (ICARUS) အဖွဲ့ကြီး၏ သုတေသနဌာနညွှန်ကြားရေးမှူးဖြစ်သူ ဂျိုနာဟက် (Jorna Hult) က ဗုဒ္ဓဘာသာဟာ ကမ္ဘာ့အမွန်မြတ်ဆုံး ကိုးကွယ်ရာဘာသာဖြစ်လာတာ အံ့သြစရာကိစ္စမဟုတ်ပါဘူး။
          ဘာကြောင့်လဲဆိုတော့ အခြားအခြားသော ဘာသာတွေမှာ ဘာသာရေးစစ်ပွဲတွေ ဖြစ်ခဲ့ပေမဲ့ ဗုဒ္ဓဘာသာနှင့်ဆိုင်တဲ့ ဘာသာရေးစစ်ပွဲဆိုတာ ဘယ်စာပေ၊ ကျမ်းဂန်မှာမှ အရိပ်အမြွတ်တောင် မတွေ့ခဲ့ရလို့ပါဘဲ။ အခြားအခြားသော ဘာသာတွေမှာ ကိုးကွယ်ရာဘုရားသခင်က အမှားတစ်ခုလုပ်ခဲ့လျှင် တိုက်ခိုက်ဖို့လက်နက်ကို အသင့်ပြင်ထားရပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဟာ ဘာသာရေးအတွက်စစ်ရေးမပြင်ပါဘူး။ အခြားအခြားသော ဘာသာဝင်တွေမှာ မတွေ့ရတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ဗုဒ္ဓဘာသာဝင်တွေ လိုက်နာလေ့ကျင့်နေလို့ပါဘဲဟု ထုတ်ဖော်ပြောကြားခဲ့သည်။
          ကက်သိုလိပ်ဘာသာ ဘုန်းတော်ကြီးဖြစ်သော ဘဲလ်ဖတ် (Belfast) ဖာသာတက်အိုရှောင်နက်ဆီ (Father Tad O Shaughnessy) က ကျုပ်က ကက်သိုလိပ်ဘုရားကျောင်းကို ချစ်ပါတယ်။ ဒါပေမယ့် ကျူပ်တို့က လူသားအချင်းချင်း သတ်ဖြတ်ရတဲ့အခါ ဒါဟာဘုရားသခင်ရဲ့ အလိုတော်ကျဖြစ်တယ်လို့ပြောရပြီး ကျမ်းစာထဲမှာပါတဲ့ ချစ်ခြင်း မေတ္တာတရားတွေကိုတော့ မဆုံးနိုင်အောင် ဟောပြောပို့ချနေရတယ်။ ဒီအချက်က ကျုပ်စိတ်ထဲမှာ ဘ၀င်မကျဘူး ဒါကြောင့် 'ကျူပ်ရဲ့ဆန္ဒမဲကို ဗုဒ္ဓဘာသာကို ပေးလိုက်ရတယ်' ဟုရှင်းပြခဲ့သည်။
          ပါကစ္စတန်နိုင်ငံမှ မူဆလင်ဘာသာရေးခေါင်းဆောင် တလ်ဗင်ဝါဆက် (Tal Bin Wassad) ကလည်း သူ၏စကားပြန်မှတဆင့် ပြောရတွင် “ကျွန်တော်က မူဆလင်ဘာသာကို ယုံကြည်ကိုးကွယ်သူပါ၊ ဒါပေမယ့် မူဆလင်ဘာသာမှာ ပုဂ္ဂိုလ်ရေးထက် ဘာသာရေးအပေါ်မှာ အခြေခံပြီး သွေးမြေကျမှုတွေ ဒေါသ၊ အာဃာတများမှုတွေ ဖြစ်ခဲ့တယ်။ ဗုဒ္ဓဘာသာမှာ ဒါတွေမရှိခဲ့ဘူး” ဟုပြောပြီး ဆက်လက်၍ သူက ကျွန်တော့်ရဲ့ အကောင်းဆုံးမိတ်ဆွေတချို့ဟာ ဗုဒ္ဓဘာသာဝင်တွေပါဟု ဆက်ပြောပါသည်။
          ဂျေရုဆလင်မြို့မှ ဂျူးဘာသာခေါင်းဆောင် ရက်ဘီရှမြူရယ်ဝက်ဆာတိန်းက “ဟုတ်ပါတယ်၊ ကျွန်တော် ဂျူးအယူဝါဒ (Judaism) ကို ချစ်ပါတယ်။ ဂျူးဝါဒဟာ ကမ္ဘာ့အကောင်းဆုံးဝါဒလို့ထင်ပါတယ်။ ဒါပေမယ့် ရိုးသာစွာပြောရမယ်ဆိုလျှင် ကျွန်တော်ဟာ နေ့စဉ် ဂျူးဘာသာ ကိုးကွယ်ဆုတောင်းမှုလုပ်ပြီးတိုင်း ဗုဒ္ဓဘာသာ ၀ိပဿာနာတရား ကျင့်ကြံမှုလုပ်လာတာ (၁၉၉၃)ခုကနေ ယနေ့အထိပါဘဲ” ဟု ထုတ်ဖော်ပြောပြသည်။
          “ကမ္ဘာ့အမွန်မြတ်ဆုံးကိုးကွယ်ရာဘာသာ” အဖြစ် ဤသို့လျှင် ဗုဒ္ဓဘာသာကို မဲပေးဆုံးဖြတ်ခဲ့ကြအပြီး ဆုချီးမြင့်မည်ပြုရာ ဗုဒ္ဓဘာသာအသင်းဝင်များက ဆုကိုလက်မခံနိုင်ကြောင်း ပြောဆိုကြပါသည်။ အကျိုးအကြောင်းကို မေးမြန်းရာ ဗုဒ္ဓဘာသာရဟန်းတော်ကြီးဖြစ်သော မြန်မာပြည်မှ ဘန္တေဂူရထဟန္တ (Bhante Ghurata Hanta) က ခုလို အသိအမှတ်ပြုခံတာကဘဲ ကျေးဇူးကြီးလှပါပြီ၊ အခုပေးအပ်တဲ့ဆုကို လူးသားမျိုးနွယ် အားလုံးကိုပဲ ခွဲဝေပေးပါ။ ကျုပ်တို့ ဗုဒ္ဓဘာသာဝင် အားလုံးရဲ့ရင်ထဲမှာ ဗုဒ္ဓရဲ့ စွန့်ကြဲခြင်းတရား ကိန်းဝပ်နေပါတယ်။ ဒီဆုကို လက်ခံချင်တဲ့ ဗုဒ္ဓဘာသာဝင်တစ်ဦးတစ်ယောက်များ ရှိလိုရှိငြား အနှံ့အပြားရှာကြည့်ပါမယ် တွေ့ခဲ့ရင်တော့ ခင်းဗျားတို့ကို ပြန်ပြောပါမယ်ဟု မိန့်ကြားတော်မူပါသည်။




ရေဒီယို နားထောင်မယ်

MYMC Radio