ငရဲကြီးရှစ်ထပ်ရှိတယ်ဆိုတာကို အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံတွေက ပိုမိုယုံကြည်သက်ဝင်လေ့ရှိတတ်ပါတယ်။ ကျွန်တော်တို့မြေကြီးရဲ့ မြေအောက်အလွှာတွေရဲ့ ရွေ့လျားမှုအကြောင်း လေ့လာကြတဲ့ ဆိုဗီယက်နိုင်ငံက ဘူမိဗေဒပညာရှင်များနှင့် ပြည်ပမှ ငှားရမ်းထားတဲ့ ဖင်လန်နိုင်ငံနဲ့ နော်ဝေးနိုင်ငံမှ ဘူမိဗေဒပညာရှင်များရယ် ပူးပေါင်းပြီး ဆိုဗီယက်နိုင်ငံ ဆိုက်ဗေးရီးယားနယ်စွန် တစ်နေရာမှာ မြေအောက်ဆိုက်စမစ် တူးဖော်နည်းနှင့်တူးခဲ့ ကြပါတယ်။ ပိုက်လုံးတွေချပြီးတူးကြရင်းက မြေအောက်အနက် ကိုးမိုင်အရောက်မှာ ဇာတ်လမ်းက စတော့တာပဲ။ ပူးပေါင်းတွင်းတူး အဖွဲ့ခေါင်းဆောင်က ဆိုဗီယက်ဘူမိဗေဒပညာရှင် ဒေါက်တာ ဒီမီထရီအက်ဇာကော့ဖြစ်ပါတယ်။ တွင်းအနက်ကိုးမိုင်ရောက်တဲ့အခါ တွင်းတူးတဲ့ပိုက်ဟာ ထိန်းမရအောင် တုန်ခါလာတာကိုတွေ့ရှိရပါသည်။ ဘာကြောင့် တုန်ခါသလဲဟု စစ်ဆေးကြတဲ့အခါ တွင်းတူးပိုက်ထိပ်ပိုင်းဟာ လေဟာနယ်လိုတွင်းခေါင်းပြင်ကျယ် ကြီးတစ်ခုကိုရောက်နေလို့ထိမ်းမရအောင် လှုပ်ရမ်းနေခြင်းဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီအခါမှာတော့ လုံးဝမခံမရပ်နိုင်အောင် နာကျင်တယ်လို့ အော်ဟစ်နေကြတဲ့အသံကို စတင်ကြားရပါတယ်။ ပထမတော့ သူတို့ရဲ့တွင်းတူးစက်၊ ပိုက်လုံးတွေနဲ့မြေလွှာတွေရဲ့ တုန်ခါမှုအသံလို့ ထင်မှတ်ထားကြပေမယ့် သေချာစူးစမ်းပြီး နားထောင်တဲ့အခါမှာတော့ ပိုက်လုံးထဲကကြားနေရတဲ့အသံတွေဖြစ်တာကြောင့် နားတွေတောင်မယုံနိုင်အောင်ဖြစ်ခဲ့ရတယ်လို့ ဒေါက်တာ ကဆိုပါတယ်။ သေချာအောင်လို့ အသံဖမ်းစက်ကို တွင်းထဲချပြီး အသံဖမ်းနားထောင်တဲ့အခါမှာတော့ မခံမရပ်နိုင်အောင် အော်ဟစ်နေတဲ့ လူတစ်ယောက်ရဲ့အသံကိုသဲသဲကွဲကွဲ စတင်ကြားလိုက်ရတယ်။ အဲဒီအသံနဲ့အတူ လူပေါင်းများစွာ သို့မဟုတ် သန်းပေါင်းများစွာရဲ့ အော်ဟစ်ငြီးငြူနေကြတဲ့အသံကိုလဲ ကြားလိုက်ရတယ်လို့ ဆိုပါတယ်။
အဲဒီအချိန်မှာ ဒေါက်တာ ဒီမီထရီအက်ဇာကော့ အပါအ၀င် အခြားပညာရှင်တွေရော တွင်းတူးလုပ်သားတွေပါ အံ့သြတုန်လှုပ်မှုများစွာ ဖြစ်ခဲ့ရပါတယ်။ အဲဒီအသံတွေကို အလွန်ဆွဲအားကောင်းတဲ့ အသံဖမ်းစက်တွေနဲ့ အသံကူးထားလိုက်ပြီးလုပ်ငန်းကို ဆက်မလုပ်တော့ပဲ တွင်းပေါက်ကို အဖုံးဖုံးပြီး ပိတ်ထားလိုက်ကြတယ်။ သူတို့ဟာ ငရဲပြည်ကို တွေ့ရှိခြင်းလို့ ခံယူလိုက်ကြပါတယ်။ အနိဌာရုံတွေနဲ့ လူလောကကို ဆက်ပေးလိုက်ကြပြီလို့ တွေ့ခဲ့ကြပါတယ်။ ဒါတွေက တွင်းတူးအဖွဲ့ခေါင်းဆောင် ဒေါက်တာ နဲ့ တွင်းတူး အဖွဲ့ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ် အသက် (၆၅)နှစ်တို့ရဲ့ ပြောကြားချက်တွေပါဘဲ။ ဒီသတင်းတွေကို ဖင်လန်နိုင်ငံက အင်မန်နုဆက်စတီးယားဆိုတဲ့ လစဉ်ထုတ်စာစောင်က ရေးသားဖော်ပြခဲ့ပါတယ်။ ကျွန်တော်တို့ ကမ္ဘာမြေကြီးရဲ့ အောက်ကိုးမိုင်မှာ သိပ်ကိုပူလောင်တယ်လို့ သိခဲ့ရပါတယ်။ အခုကျွန်တော်တို့ ရောက်နေတဲ့ ပူအိုက်စွတ်စိုတဲ့တောဟာ ဖာရင်ဟိုက် အပူချိန်ဒီဂရီ ၉၅ လောက်ပဲရှိတယ်။ မြေကြီးအောက် ကိုးမိုင်အကွာက အပူချိန်ဒီဂရီ ဖာရင်ဟိုက် (၂၀၀၀) ရှိတယ်လို့ တွက်ချက်သိရှိရတယ်။ သူတို့မူလခန့်မှန်းထားတဲ့အပူချိန်ထက် ဆယ်ဆလောက်တောင်များနေတယ်လို့ တွင်းတူးအဖွဲ့ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်က ဆိုပါတယ်။ တွင်းတူးအဖွဲ့ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ် နှင့် ဘူမိဗေဒပညာရှင်ချူပ်တို့ကို နော်ဝေးနိုင်ငံရဲ့ အကြီးဆုံးနှင့် အောင်မြင်ကျော်ကြားမှုအရှိဆုံး အော့ဘရမ်းဘတ်စကိတ်ကီးဆိုတဲ့ သတင်းစာကြီးက တွေ့ဆုံမေးမြန်းခဲ့တယ်။
ဘာနီနန်မီဒယ်ပြောတာတွေကို သတင်းစာမှာရေးသားဖော်ပြခဲ့ကြတယ်။ အဲဒီသတင်းစာမှာတော့ ဒီကမ္ဘာကြီးရဲ့ အောက်ကိုးမိုင်အကွာမှာ ငရဲပြည်ဆိုတာ တကယ်ရှိနေပြီ။ တွင်းတူးတွေ့ရှိချက်အရ ငရဲပြည်ရဲ့ ဂိတ်ပေါက်တံခါးဝပဲဟု ရေးသားခဲ့ကြပါတယ်။ ဒီလိုတွေ့ရှိမှုတွေပြီးတဲ့နောက်မှာ နော်ဝေးနိုင်ငံနဲ့ ဖင်လန်နိုင်ငံမှ ဘူမိဗေဒပညာရှင် တချို့အလုပ်က နှုတ်ထွက်လိုက်ကြတယ်လို့ သတင်းစာတွေမှာ ရေးသားဖော်ပြခဲ့ကြပါတယ်။